Shwe Stream ဝန်ဆောင်မှုကို အသုံးပြုသူများ လိုက်နာရန် စည်းမျဉ်းစည်းကမ်းများ (Terms and Condition of Shwe Stream)
Shwe Stream ဝန်ဆောင်မှုကို ရယူအသုံးပြုသူများအနေဖြင့် Shwe Stream မှ ထုတ်ပြန်ထားသော စည်းမျဉ်း စည်းကမ်းများအတိုင်း လိုက်နာအသုံးပြုရမည်ဖြစ်ပါသည်။ Shwe Stream ဝန်ဆောင်မှုအနေဖြင့် ဤဝန်ဆောင်မှုနှင့် ပတ်သက်၍ သုံးစွဲသူများထံ ကြိုတင်အသိပေး၍ဖြစ်စေ၊ ကြိုတင်အသိမပေးဘဲဖြစ်စေ လိုအပ်သလို ပြင်ဆင်မွမ်းမံခြင်း (သို့မဟုတ်) ရပ်ဆိုင်းခြင်းများ ပြုလုပ်နိုင်မည်ဖြစ်သည်။ ဤအတွက်လည်း Shwe Stream ဝန်ဆောင်မှုနှင့် သက်ဆိုင်ရာ ငွေပေးချေမှုဆိုင်ရာ အေဂျင်စီတို့တွင် တာဝန်ရှိမည် မဟုတ်ပါ။ ဤဝန်ဆောင်မှုကို မှတ်ပုံတင်၍ ရယူရာတွင် သင်၏ ပေါ့လျော့မှု တစ်စုံတစ်ရာကြောင့် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း၊ သင်၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များနှင့် ငွေကြေးအပါအဝင် အကျိုးစီးပွားထိခိုက်မှုဖြစ်ပေါ်လာပါက (သို့မဟုတ်) ဝန်ဆောင်မှုရယူရန် မတတ်သာပါက Shwe Stream ဝန်ဆောင်မှု၊ ငွေပေးချေမှုဆိုင်ရာ အေဂျင်စီနှင့် ၎င်းတို့၏ အဖွဲ့ဝင်တို့ထံတွင် တစ်စုံတစ်ရာ တာဝန်ရှိမည်မဟုတ်ပါ။ Shwe Stream ဝန်ဆောင်မှုကို အသုံးပြုရန်အတွက် စည်းမျဉ်းစည်းကမ်းအသေးစိတ်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
၁။ အဖွဲ့ဝင်အဖြစ် မှတ်ပုံတင်ခြင်း
Shwe Stream ဝန်ဆောင်မှုကို အသုံးပြုနိုင်ရန်အတွက် Shwe Stream ဝန်ဆောင်မှုတွင် အဖွဲ့ဝင်ထားရန် လိုအပ်သည်။ အဖွဲ့ဝင်အဖြစ် မှတ်ပုံတင်ရာတွင် တောင်းခံသည့် လိုအပ်သောအချက်အလက်များကို သင့်အနေဖြင့် လတ်တလောဖြစ်သော၊ တိကျမှန်ကန်သော၊ ပြည့်စုံမှုရှိသော အချက်အလက်များကို ဖြည့်သွင်းရမည်။ သင့်အား ဝန်ဆောင်မှုပေးရန်နှင့် ဝန်ဆောင်မှုနှင့်ပတ်သက်၍ သင်၏တောင်းဆိုမှုများကို ပြန်လည်တုံ့ပြန်ပေးရန်၊ ဥပဒေကြောင်းအရ လုပ်ဆောင်ရန်ကိစ္စများရှိလာသည့်အခါ အသုံးပြုရန်၊ စည်းမျဉ်းစည်းကမ်းများအကျိုးသက် ရောက်မှုရှိစေရန်၊ Shwe Stream ဝန်ဆောင်မှုနှင့်ပတ်သက်၍ အခြားဖြစ်ပေါ်လာသောကိစ္စအ၀၀ကို ဖြေရှင်းဆောင်ရွက်ရန်၊ ဤဝန်ဆောင်မှုနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို ပေးပို့ဆက်သွယ်ရန် လိုအပ်သောကြောင့် ဤဝန်ဆောင်မှုကိုအသုံးပြုရန် မှတ်ပုံတင်စဉ်က ဖြည့်သွင်းခဲ့သော သင်၏အချက်အလက် များကို Shwe Stream မှ ဝင်ရောက်ကြည့်ရှုခြင်း၊ ထိန်းသိမ်းမှုပြုလုပ်ခြင်း၊ အများသိအောင် ကြေညာခြင်းတို့ ပြုလုပ်ရန် သင့်အနေဖြင့် သဘောတူလက်ခံမည်ဖြစ်သည်။ Shwe Stream ဝန်ဆောင်မှုတွင် သင်၏ဖုန်းနံပါတ်၊ Facebook အကောင့် အချက်အလက်၊ Email ဖြင့် မှတ်ပုံတင်လိုက်ခြင်းသည် ဤဝန်ဆောင်မှုနှင့် ပတ်သက်သည့် အကြောင်းအရာများအားလုံးကို သင်၏ မိုဘိုင်းလ်ဖုန်း သို့မဟုတ် Email ထံသို့ SMS၊ စာတိုများနှင့် SMS Link များ ပေးပို့မည်ကို သိရှိလက်ခံသဘောတူရာရောက်သည်။
၂။ ဝန်ဆောင်ခ
လူကြီးမင်းသည် Shwe Stream ဝန်ဆောင်မှုကို အသုံးပြုပါက လူကြီးမင်း အတည်ပြု ရွေးချယ်ထားသည့် နေ့စဉ်/ အပတ်စဉ်/ လစဉ် ငွေပေးချေမှုစနစ်ဖြင့် ရွေးချယ်အသုံးပြုမှုများအလိုက် ဝန်ဆောင်ခကျသင့်ငွေကို လူကြီးမင်း၏ ဖုန်းဘေလ် သို့မဟုတ် Mobile Wallet၊ Visa၊ Master ထဲမှ အပြည့်အ၀ ကောက်ခံရန်ကို သဘောတူ လက်ခံသည် ဖြစ်သည်။ ဤဝန်ဆောင်မှုအတွက် ငွေပေးချေမှုပုံစံမှာ ကြိုတင်ငွေပေးချေပြီး ဝန်ဆောင်မှုကို အသုံးပြုရသည့် စနစ်ဖြစ်သည်။
အဖိုးအခ ကောက်ခံသည့် အကြိမ်ရေမှာ တစ်ကြိမ် (ဥပမာသက်တမ်းတိုးမှုမပါသော သို့မဟုတ် နေ့စဉ် ကောက်ခံမှုမရှိသော) သို့မဟုတ် အစဉ်အဆက်လိုက် (ဥပမာ-နေ့အလိုက်/ အပတ်အလိုက်/ လအလိုက်) ကောက်ခံမှုရှိသည့် ဝန်ဆောင်မှု ဖြစ်ပါသည်။ စာရင်းပေးသုံးစွဲမှုအမျိုးအစား ဝန်ဆောင်မှု၏ တရားဝင်မှု ကာလမှာ ၃၆၅ ရက် အသုံးပြုနိုင်သည့် ဝန်ဆောင်မှု ဖြစ်ပါသည်။
အမှန်တကယ်ကျသင့်သည့် နှုန်းထားပေးဆောင်ရန် လက်ကျန်ငွေမလုံလောက်လျှင်လည်း လူကြီးမင်း အနေဖြင့် ဝန်ဆောင်မှုကို အသုံးပြုခွင့်ရှိမည်ဖြစ်ပြီး လူကြီးမင်းအား လျှော့ပေါ့နှုန်းထားကို အလိုအလျောက် ကောက်ခံသွားမည်ဖြစ်သည်။ အကယ်၍ လူကြီးမင်းတွင်ရှိသော ငွေလက်ကျန်သည် လျှော့ပေါ့နှုန်းထားထက် လျော့နည်းပါက ငွေကောက်ခံမှုပြုလုပ်မည် မဟုတ်သည့် အပြင် ထိုနေ့ အတွက် ဝန်ဆောင်မှုလဲရရှိမည်မဟုတ်ပါ။
လူကြီးမင်းတွင် လက်ကျန်ငွေ အလုံအလောက်ရှိပါက လျှော့ပေါ့နှုန်းထားများ အကျိုးသက်ရောက်မည် မဟုတ်ဘဲ အမှန်တကယ်ကျသင့်သည့်နှုန်းထား ကောက်ခံခြင်းကို ပြန်လည်ဆောင်ရွက်မည် ဖြစ်သည်။
လူကြီးမင်းကို တစ်ဆက်တည်းရက် (၄၅) အတွက် မည်သည့်ငွေပမာဏမှ ငွေကောက်ခံထားခြင်း မရှိပါက ဝန်ဆောင်မှုအတွက် လူကြီးမင်း၏ စာရင်းပေးသုံးစွဲမှု အလိုလျောက်ရပ်စဲမည်ဖြစ်သည်။
နေ့စဉ်ဝန်ဆောင်မှုအတွက် လက်ကျန်ငွေလုံလောက်သည့် အချိန်မှသာ အဖိုးအခကောက်ခံခြင်းနှင့် ဝန်ဆောင်မှု အသုံးပြုခြင်းအား ဆက်လက် လုပ်ဆောင်နိုင်ပါမည်။
ဤဝန်ဆောင်ခများသည် Shwe Stream ဝန်ဆောင်မှုကို အသုံးပြု၍ ရုပ်ရှင်၊ ဗီဒီယိုနှင့် ဇာတ်လမ်းတွဲများကို ကြည့်ရှုခွင့်အတွက် သက်သက် ကျသင့်ငွေဖြစ်ပြီး အင်တာနက်မှတဆင့် တိုက်ရိုက်ကြည့်ရှုခြင်း၊ ဒေါင်းလုပ်ဆွဲ၍ ရယူခြင်းများအတွက် အင်တာနက်ဒေတာဖိုး ထပ်မံကျသင့်မည် ဖြစ်သည်။ ကောက်ခံမှု အားလုံးတွင် ကုန်သွယ်ခွန် ၅% ပါဝင်မည်ကို သတိပြုပါ။
အဆိုပါ စည်းကမ်းချက်များသည် လူကြီးမင်းအနေဖြင့် စာရင်းပေး သုံးစွဲမှုကိုရပ်တန့်ခြင်း သို့မဟုတ် အဆိုပါ စည်းကမ်းချက်များအရ ဝန်ဆောင်မှု အလိုအလျောက် ရပ်စဲခြင်း အချိန်ထိ တရားဝင် တည်ရှိမည်ဖြစ်သည်။
ဝန်ဆောင်မှုအတွက်စာရင်းပေးသုံးစွဲခြင်းအပါအဝင် ၎င်းချည်းသာဟုကန့်သတ်မထားဘဲ လူကြီးမင်း၏မိုဘိုင်း အင်တာနက်ကို မျှဝေသုံးစွဲသည့် တတိယပုဂ္ဂိုလ်တစ်ဦးဦး၏ ပြုမူဆောင်ရွက်ချက်အတွက် လူကြီးမင်းတွင် တာဝန်ရှိပါသည်။
၃။ ဝန်ဆောင်ခပေးချေခြင်း
ရုပ်ရှင်၊ ဗီဒီယိုနှင့် ဇာတ်လမ်းတွဲများ ကြည့်ရှုမှုအတွက် ဝန်ဆောင်ခကို လူကြီးမင်း အတည်ပြု ရွေးချယ်ထားသည့် နေ့စဉ်/ အပတ်စဉ် /လစဉ် ငွေပေးချေမှုစနစ်ဖြင့် ရွေးချယ်အသုံးပြုမှုများအလိုက် ဝန်ဆောင်ခကျသင့်ငွေကို လူကြီးမင်း၏ ဖုန်းဘေလ် သို့မဟုတ် Mobile Wallet၊ Visa၊ Master ထဲမှ အပြည့်အ၀ ကောက်ခံရန်ကို သဘောတူ လက်ခံသည် ဖြစ်သည်။ နေ့စဉ်ဝန်ဆောင်မှုအတွက် နေ့စဉ်ကြေး ၁၄၉ ကျပ်ကို အဖွဲ့ဝင်ဖြစ်သည့်နေ့မှစတင်၍ နေ့စဉ် အလိုအလျောက်သက်တမ်း တိုးကောက်ခံသွားမည် ဖြစ်သည်။ ဤဝန်ဆောင်မှုအတွက် ငွေပေးချေမှု ပုံစံမှာ ကြိုတင်ငွေပေးချေပြီး ဝန်ဆောင်မှုကို အသုံးပြုရသည့် စနစ်ဖြစ်သည်။ လိုအပ်သော အခွန်အခများကိုလည်း သင့်အနေဖြင့် ပေးဆောင်ရန် သဘောတူပါသည်။
Shwe Stream ဝန်ဆောင်ခနှုန်းထားများကို ကြိုတင်အကြောင်းကြားခြင်း မရှိဘဲ အချိန်မရွေး ပြောင်းလဲခွင့်ရှိသည်။ ဈေးနှုန်းအပြောင်းအလဲရှိပါက သင့်ထံသို့ SMS၊ Email သို့မဟုတ် Public Channel မှတဆင့် အကြောင်းကြားစာပေးပို့သွားမည် ဖြစ်သည်။ Shwe Stream အနေဖြင့် မည်သည့် အကြောင်းကြောင်းကြောင့်နှင့်မျှ ကောက်ခံပြီးသား ဝန်ဆောင်ခများကို ပြန်လည်ပေးအပ်မည် မဟုတ်ပါ။ သင့်အနေဖြင့် Shwe Stream ဝန်ဆောင်မှုမှ အဖွဲ့ဝင်အဖြစ် မပယ်ဖျက်မခြင်း (သို့မဟုတ်) Shwe Stream ဝန်ဆောင်မှုမှ သင့်အား အဖွဲ့ဝင်အဖြစ်မှ မပယ်မဖျက်မခြင်း ဝန်ဆောင်ခကောက်ခံမှုဟာ အကျုံးဝင်နေမည် ဖြစ်သည်။
အကယ်၍ သင်မဟုတ်သော တစ်စုံတစ်ယောက် (သို့မဟုတ်) အခြားအဖွဲ့အစည်းတစ်ခုခုက သင်သိ သည်ဖြစ်စေ၊ မသိသည်ဖြစ်စေ သင်၏ ဖုန်းကိုယူသုံး၍သော်လည်းကောင်း (သို့မဟုတ်) သင်၏အမည်ပေါက် Sim Card ကို ယူသုံး၍သော်လည်းကောင်း၊ သင်၏ကိုယ်ရေးအချက်အလက်များဖြင့် စာရင်းဝင်ထားသည့် Sim Card သို့မဟုတ် Email ကို အသုံးပြုခြင်းကြောင့်သော်လည်းကောင်း ဤဝန်ဆောင်မှုကိုအသုံးပြုမှုအတွက် ဝန်ဆောင်ခကျသင့် ငွေအားလုံးကို သင်၏ဖုန်းဘေလ် သို့မဟုတ် Mobile Wallet၊ Visa၊ Master ထဲမှ ကောက်ခံသွားမည် ဖြစ်သည်။
၄။ ဝန်ဆောင်မှုပေးခြင်း
ဝန်ဆောင်ခကို အပြည့်အဝပေးသွင်းပြီးမှသာ Shwe Stream ဝန်ဆောင်မှုကို အသုံးပြုနိုင် မည်ဖြစ်သည်။
သင့်စိတ်ကြိုက် ရုပ်ရှင်၊ ဗီဒီယိုနှင့် ဇာတ်လမ်းတွဲများကို ကြည့်ရှုခံစားနိုင်မည် ဖြစ်သည်။ အင်တာနက်မှ တိုက်ရိုက်ကြည့်ရှုခြင်း၊ (သို့မဟုတ်) ကြည့်ရှုရန်အတွက်သာ ဒေါင်းလုပ်ရယူခြင်း အတွက်သီးသန့် သက်သက်သာ သင့်အနေဖြင့် ဤဝန်ဆောင်မှုကို အသုံးပြုနိုင်မည်ဖြစ်သည်ကို သဘောတူလက်ခံပါသည်။ သင့်အနေဖြင့် ရုပ်ရှင်၊ ဗီဒီယိုနှင့် ဇာတ်လမ်တွဲများအား ကြည့်ရှုနိုင်ရန် ဒေါင်းလုပ်ရယူ သိမ်းဆည်းခြင်းကို အများဆုံး ၇ ရက်အထိ ခွင့်ပြုမည်ဖြစ်သည်။ Download လုပ်ထားတဲ့ ၇ ရက်အတွင်းမှာ Shwe Stream အဖွဲ့ဝင်အဖြစ်မှ ရပ်စဲခြင်း၊ ရုပ်ရှင် ဇာတ်ကားဖြန့်ချိသူမှ ရုပ်ရှင်ကို ပြန်လည် ရုတ်သိမ်းသွားခြင်းမျိုး ရှိခဲ့လျှင် ထိုရုပ်ရှင်ဇာတ်ကားများကို တိုက်ရိုက်ကြည့်ရှု၍ ရနိုင်မည် မဟုတ်တော့သလို Download လုပ်ထားလျှင်လည်း ကြည့်ရှု၍ရနိုင်မည် မဟုတ်တော့ပါ။ ဒီအတွက် Shwe Stream တွင် တာဝန်ရှိ မည်မဟုတ်ပါ။
Shwe Stream ဝန်ဆောင်မှုထဲမှ ရုပ်ရှင်၊ ဗီဒီယိုနှင့် ဇာတ်လမ်းတွဲများကို မည်သည့်နည်းလမ်း ဖြင့်ဖြစ်စေ ပြန်လည်ကူးယူခြင်း၊ ရိုက်ကူးခြင်း၊ ပြုပြင်မွမ်းမံခြင်း၊ မိတ္တူရယူခြင်း၊ အခြားသူများထံပေးပို့ခြင်း၊ တဆင့်ပြန်လည် ရောင်းချခြင်း၊ အတုအပဖန်တီးခြင်း၊ ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်းများ၊ ပြသခြင်း၊ တင်ဆက်ခြင်း၊ ပုံတူကူးယူ ဖန်တီးခြင်း၊ ခွင့်ပြုထားခြင်းမရှိသော စက်ပစ္စည်းကိရိယာများထဲတွင် ထည့်သွင်းသိမ်းဆည်းထား ခြင်း၊ ခွင့်ပြုထားခြင်းမရှိသော နည်းလမ်းများဖြင့် အခြားသူများထံမျှဝေခြင်းများ မပြုလုပ်ပါဟု သဘောတူပါသည်။ Shwe Stream App ထဲမှ အကြောင်းအရာများ၊ အချက်အလက်များကို Shwe Stream မှ ကြိုတင်စမ်းသပ်ခြင်း၊ စောင့်ကြည့်ခြင်းများ ပြုလုပ်နိုင်သည်ကို သိရှိသဘောတူပါသည်။ ဤဝန်ဆောင်မှုမှတဆင့် ရရှိနိုင်သည့် အကြောင်းအရာမှန်သမျှကို ကြိုတင်စမ်းသပ်ခြင်း၊ စောင့်ကြည့်ခြင်း၊ ပယ်ချခြင်း၊ ကြည့်ရှုခွင့် ရုတ်သိမ်းခြင်း၊ ပယ်ဖျက်ခြင်းတို့ပြုလုပ်ရန် Shwe Stream တစ်ဦးတည်းဆုံးဖြတ်ကာ လုပ်ပိုင်ခွင့်ရှိသည်။
၅။ ဝန်ဆောင်မှုရပ်ဆိုင်းခြင်း၊ ဆိုင်းငံ့ခြင်း၊ ဖျက်သိမ်းခြင်း
သင့်အနေဖြင့် Shwe Stream ဝန်ဆောင်မှုကို ဆက်လက်အသုံးမပြုလိုပါက ဝန်ဆောင်မှု ရပ်ဆိုင်းခြင်းဆိုင်ရာ နည်းလမ်းများ အတိုင်း ဝန်ဆောင်မှုကို ရပ်ဆိုင်းနိုင်သည်။ မည်သည့်အကြောင်းကြောင်းကြောင့်ဖြစ်စေ ဤဝန်ဆောင်မှုကို သင့်အနေဖြင့် အသုံးပြုနေ ခြင်းအား ဖျက်သိမ်းခြင်း၊ ဆိုင်းငံ့ခြင်း၊ ရပ်ဆိုင်းခြင်းတို့ကိုလည်းကောင်း၊ ဝန်ဆောင်ခတောင်းခံခြင်းနှင့်ပတ်သက်၍ ရုပ်သိမ်းခြင်း၊ ပယ်ဖျက်ခြင်း၊ ဆိုင်းငံ့ခြင်း (သို့) ရပ်တန့်ခြင်းတို့ကို လည်းကောင်း ကြိုတင်အကြောင်းကြားခြင်း မရှိဘဲ Shwe Stream တစ်ဦးတည်း၏ ဆုံးဖြတ်ချက်ဖြင့် ပြုလုပ်ခွင့်ရှိသည်။ ထို့အတွက် မည်သူတစ်ဦးတစ်ယောက်အတွက်မျှ Shwe Stream တွင် တာဝန်ရှိမည်မဟုတ်ကြောင်းကို သင့်အနေဖြင့် သိရှိသဘောတူ လက်ခံပါသည်။
၆။ စက်ပစ္စည်းများ
အင်တာနက်အသုံးပြုနိုင်သည့် ဖုန်း၊ တက်ဘလက်၊ ကွန်ပျူတာ၊ လက်ပ်တော့ တို့မှတဆင့် ဤဝန်ဆောင်မှုကို ရယူအသုံးပြုနိုင်မည် ဖြစ်သည်။ သင်၏စက်ပစ္စည်းများမှ ဤဝန်ဆောင်မှုကို ရယူအသုံးပြုမှု များနှင့်ပတ်သက်၍ သင်တစ်ဦး တည်းတွင် တာဝန်ရှိသည်။ အကယ်၍ သင့်အနေဖြင့် ဤဝန်ဆောင်မှုကိုရယူထားသော်လည်း သင်၏ စက်ပစ္စည်း ကိရိယာများ ချို့ယွင်းမှုကြောင့်လည်းကောင်း၊ သင်၏ စက်ပစ္စည်းများသည် ဤဝန်ဆောင်မှုမှချမှတ်ထားသော အနိမ့်ဆုံး လိုအပ်ချက်များဖြင့် မကိုက်ညီ၍သော်လည်းကောင်း Shwe Stream ဝန်ဆောင်မှုကို အသုံးမပြုနိုင်သော်လည်း သင်သည် ဤဝန်ဆောင်မှုကို ရယူထားပါက ကျသင့်သည့်ဝန် ဆောင်ခများကိုမူ ပေးချေရမည် ဖြစ်သည်။ သို့ဖြစ်၍ သင့်အနေဖြင့် သင်၏ စက်ပစ္စည်းကိရိယာများသည် Shwe Stream ဝန်ဆောင်မှုကို အသုံးပြုရန် ထောက်ပံ့ပေးနိုင်ခြင်းရှိမရှိကို သေချာ စစ်ဆေးထားရန် လိုအပ်ပါသည်။ သင်၏စက်ပစ္စည်းကိရိယာများ ချို့ယွင်းမှုကြောင့်သော်လည်းကောင်း၊ ဤဝန်ဆောင်မှုမှ သတ်မှတ်ထားသည့် အနိမ့်ဆုံးလိုအပ်ချက်များကို သင်၏စက်ပစ္စည်းများက မထောက်ပံ့နိုင်သောကြောင့်သော် လည်းကောင်း ဤဝန်ဆောင်မှုကို အသုံးမပြုနိုင်ခြင်းအတွက် Shwe Stream တွင် တာဝန်ရှိမည် မဟုတ်ပါ။ အင်တာနက်မှတဆင့် တိုက်ရိုက်ကြည့်သည့်အခါ ရုပ်ရှင်ဇာတ်ကားများ၏ အရည်အသွေးသည် သင်အသုံးပြုနေသော စက်၊ နေရာနှင့် အင်တာနက်မြန်နှုန်းတို့ပေါ်တွင် မူတည်ပြီး အပြောင်းအလဲ ရှိနိုင်ပါသည်။ Shwe Stream ဝန်ဆောင်မှုကို ရယူသုံးစွဲနိုင်ရန် မှ အခါအားလျော်စွာ သတ်မှတ်ထားသော အနိမ့်ဆုံးလိုအပ်ချက်များအတိုင်း စက်ပစ္စည်းများ၊ ဆော့ဖ်ဝဲလ်များနှင့် ဝန်ဆောင်မှုများကို ရယူထားရန် လိုအပ်ပါသည်။ Shwe Stream ဝန်ဆောင်မှုမှ ချမှတ်ထားသော အနိမ့်ဆုံးလိုအပ်ချက်များနှင့်မကိုက်ညီသော စက်ပစ္စည်းများ၊ Software များနှင့် ဝန်ဆောင်မှုများကို အသုံးပြုမှုကြောင့် ဖြစ်ပေါ်လာသော စက်ပစ္စည်းချို့ယွင်းမှုများနှင့် ပြည့်စုံမှုမရှိသော ဝန်ဆောင်မှုများအားလုံး အတွက် Shwe Stream ဝန်ဆောင်မှုမှ တာဝန်ယူ မည် မဟုတ်ပါ။
၇။ အသိပေးချက်များပေးပို့ခြင်း
Shwe Stream ဝန်ဆောင်မှုကို အသုံးပြုခြင်းဖြင့် သင်၏ Shwe Stream အကောင့်ထံသို့ အကြောင်းကြား ချက်များပေးပို့ခြင်း၊ Shwe Stream အကောင့်ဖွင့်စဉ်က စာရင်းပေးသွင်းထားသော ဖုန်းနံပါတ် သို့မဟုတ် Email သို့ Shwe Stream ဝန်ဆောင်မှုမှ ဆက်သွယ်ခြင်းတို့ကို သဘောတူလက်ခံပါသည်။ Shwe Stream အနေဖြင့် ဇာတ်ကား အသစ်များ၊ အစီအစဉ်အသစ်များ၊ ပရိုမိုးရှင်းအစီအစဉ်များ၊ သုံးစွဲသူများထံမှစစ်တမ်းကောက်ယူခြင်းများ စသည်တို့ကို App ထဲမှ အသိပေးချက်များမှတဆင့်ဖြစ်စေ၊ SMS ကတဆင့်ဖြစ်စေ၊ အခြားသော ဆက်သွယ်ရေး နည်းလမ်းများမှတဆင့်ဖြစ်စေ ဆက်သွယ်ပေးပို့သွားမှာ ဖြစ်ပါသည်။ ဒါအပြင် Shwe Stream App ထဲမှာ ဇာတ်ကားကြည့်ရှုမှုအတွက် သင့်ရဲ့ငွေပေးချေမှုကိစ္စများ၊ သဘောတူညီမှုများ၊ ထုတ်ဖော်ချက်များနဲ့ အခြားအချက် အလက်များပေးပို့ခြင်းကိုလည်း လက်ခံပါမည်။ ဤဝန်ဆောင်မှုကို ရယူထားသော သင့်ထံသို့ Shwe Stream App မှတဆင့် အချက်အလက်များ၊ အကြောင်းအရာများ၊ စာသားများ၊ ဆော့ဖ်ဝဲများ၊ အသံများ၊ ဓာတ်ပုံများ၊ ဒီဇိုင်းပုံရိပ်များ၊ ဗီဒီယိုများ၊ မက်ဆေ့ချ်များ၊ တွဲဖက်အကြောင်းအရာများနှင့် အခြားသော အကြောင်းအရာများကို Shwe Stream မှ ပေးပို့ခွင့်ရှိသည်။ မှတ်ပုံတင်စဉ်က သင်ပေးသွင်းသော အချက်အလက်များနှင့် ထိုသို့ပေးသွင်းခြင်းကြောင့်ဖြစ်ပေါ် လာသော အကျိုးဆက်များအတွက် သင့်တွင်သာ အလုံးစုံ တာဝန်ရှိသည်။
၈။ ကန့်သတ်တားမြစ်ချက်များ
Shwe Stream ဝန်ဆောင်မှုကို သင့်အနေဖြင့် စီးပွားဖြစ်အသုံးပြုခွင့်မရှိပါ။ ဤဝန်ဆောင်မှုသည် သင်၏ တစ်ကိုယ်ရည်နှင့် အကျိုးအမြတ်အတွက် မဟုတ်သော အသုံးပြုမှုအတွက်သာ ဖြစ်သည်။ သင့်အနေဖြင့် Shwe Stream App ထဲမှ ရုပ်ရှင်၊ ဇာတ်လမ်းနှင့် ဇာတ်လမ်းတွဲများကို မည်သည့်နည်းလမ်းဖြင့်ဖြစ်စေ ပြန်လည်ကူးယူခြင်း၊ ရိုက်ကူးခြင်း၊ ပြုပြင်မွမ်းမံခြင်း၊ မိတ္တူရယူခြင်း၊ မူပိုင်ခွင့်တင်ခြင်း၊ အခြားသူများထံပေးပို့ခြင်း၊ တဆင့် ပြန်လည်ရောင်းချခြင်း၊ အတုအပဖန်တီးခြင်း၊ ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်းများ၊ ပြသခြင်း၊ တင်ဆက်ခြင်း၊ ပုံတူကူးယူဖန်တီးခြင်း၊ ခွင့်ပြုထားခြင်းမရှိသော စက်ပစ္စည်းကိရိယာများထဲတွင် ထည့်သွင်းသိမ်းဆည်းထားခြင်း၊ ခွင့်ပြုထားခြင်းမရှိသောနည်းလမ်းများဖြင့် အခြားသူများထံ မျှဝေခြင်းကို လုံး၀ မပြုလုပ်ရပါ။ ထိုသို့ပြုလုပ်ခဲ့ပါက တည်ဆဲဥပဒေများအရ အရေးယူခြင်းခံရမည်ဖြစ်ပြီး Shwe Stream ဝန်ဆောင်မှု၏ဆုံးရှုံးမှု၊ နစ်နာမှုအလုံးစုံ အတွက် သင့်ဘက်မှ တာဝန်ယူဆောင်ရွက်ပေးရမည် ဖြစ်သည်။ Shwe Stream ဝန်ဆောင်မှုထဲရှိ ရုပ်ရှင်၊ ဗီဒီယိုနှင့် ဇာတ်လမ်းတွဲများကို Shwe Stream ဝန်ဆောင်မှု၏ စည်းကမ်းချက်များအတိုင်း တရားဥပဒေနှင့် အညီသာ ရယူသုံးစွဲကြည့်ရှုဟု သင့်အနေဖြင့် သဘောတူပါသည်။
သင့်အနေဖြင့် ဝန်ဆောင်မှုအား ရယူရာတွင် (၁) Shwe Stream မှ စီစဉ်ပေးထားသော ကြားခံစနစ် မဟုတ်သည့် အခြားနည်းလမ်းများကို အသုံးပြုခြင်း၊ (၂) ဝန်ဆောင်မှုများရယူရာတွင် Robot၊ Spider၊ Scraper၊ Script၊ Web Crawler များအသုံးပြု၍ နှောင့်ယှက်ခြင်းများ ပြုလုပ်ခြင်းနှင့် အခြားအလိုအလျောက် နည်းလမ်းများကို အသုံးပြုခြင်း၊ (၃) ဝန်ဆောင်မှုကို ရယူခြင်း၏ ဇစ်မြစ်ကို ဖုံးကွယ်ရန်အတွက် Identifier ကုဒ်နံပါတ်များကို အတုအပပြုလုပ်ခြင်း၊ အချက်အလက်များကို လိုသလိုပြုပြင်ခြင်း (၄) Shwe Stream ဆာဗာ အား ပျက်ဆီးစေမည့်လုပ်ရပ်များ၊ ဆော့ဖ်ဝဲလ်များ အသုံးပြုခြင်း (၅) နှောင့်ယှက်ဖျက်ဆီးလိုသော ရည်ရွယ် ချက်ဖြင့် စာများ၊ အီးမေးလ်များရေးသားခြင်း၊ ဗိုင်းရပ်စ်ပါသောဆော့ဖ်ဝဲလ်များ အသုံးပြုခြင်းများကို လုံး၀ မပြုလုပ်ပါဟု သဘောတူပါသည်။
Shwe Stream ဝန်ဆောင်မှုအတွက် ရုပ်ရှင်၊ ဗီဒီယိုနှင့် ဇာတ်လမ်းတွဲများ ပံ့ပိုးပေးထားသော မူပိုင်ခွင့် ပိုင်ရှင်တစ်စုံတစ်ယောက်အား ဝင်ငွေပိုမိုရရှိစေရန်ရည်ရွယ်၍ မျှတမှုမရှိသောနည်းလမ်းများဖြင့် ရုပ်ရှင်၊ ဗီဒီယို နှင့် ဇာတ်လမ်းတွဲများကို ကြည့်ရှုမှုအကြိမ်ရေများအောင် ပြုလုပ်ခြင်းများ မပြုလုပ်ရပါ။ ထိုသို့ပြုလုပ်သည်ဟု စုံစမ်း တွေ့ရှိပါက မမျှမတဆောင်ရွက်ထားသည့် ထိုအကြိမ်ရေများကို ပယ်ဖျက်ပစ်မည် ဖြစ်သည်။
သင်သည် Shwe Stream ဝန်ဆောင်မှုကို Shwe Stream ဝန်ဆောင်မှုမှ သတ်မှတ်ပေးထားသော စည်းကမ်းများနှင့် သတ်မှတ်ချက်များဘောင်အတွင်းကသာ အသုံးပြုရမည် ဖြစ်သည်။ သင့်အနေဖြင့် Shwe Stream ဝန်ဆောင်မှုက သတ်မှတ်ပေးထားသော စည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်၍သော် လည်းကောင်း၊ သတ်မှတ်ချက်များကို မလိုက်နာဘဲ ကျော်လွန်၍သော်လည်းကောင်း Shwe Stream ဝန်ဆောင်မှုကို အသုံးပြုခြင်း၊ Shwe Stream ဝန်ဆောင်မှု၏ Social Media စာမျက်နှာများဖြစ်သည့် Facebook ၊ Instagram ၊ YouTube နှင့် Web Page များကို Shwe Stream ဝန်ဆောင်မှုမှ သက်ဆိုင်ရာ တစ်ဦးတစ်ယောက်၏ ခွင့်ပြုချက် မရှိဘဲ ရယူသုံးစွဲခြင်းများ မပြုလုပ်ပါဟု သဘောတူပါသည်။
၉။ အသိဉာဏ်ပစ္စည်းများဆိုင်ရာ ရပိုင်ခွင့် (Intellectually Property Rights)
Shwe Stream ဝန်ဆောင်မှုတွင် အသုံးပြုထားသော ကုန်အမှတ်တံဆိပ်များ (Shwe Stream ဝန်ဆောင်မှု အမည်နှင့် ကုန်အမှတ်တံဆိပ်များအပါအဝင်)၊ လုပ်ငန်းအမည်များ၊ လိုဂိုများ၊ ဝန်ဆောင်မှု အမှတ်အသားများ အားလုံးသည် Shwe Stream ဝန်ဆောင်မှုနှင့် ယင်း၏လုပ်ငန်းဖော်ကုမ္ပဏီများ၊ အခြားသက်ဆိုင်ရာ လုပ်ငန်းများမှ ပိုင်ဆိုင်ပါသည်။ ဤဝန်ဆောင်မှုကို အသုံးပြုရန်အတွက် သင့်ကိုပေးသောအခွင့်အရေးသည် ထိုကုန်အမှတ်တံဆိပ်များ၊ လုပ်ငန်းအမည်များ၊ လိုဂိုများ၊ ဝန်ဆောင်မှုအမှတ်အသားများကို သုံးစွဲပိုင်ခွင့်များ ရပိုင်ခွင့်များ ပေးအပ်ခြင်း မပါဝင်ပါ။ ထိုအခွင့်အရေးများကို Shwe Stream ဝန်ဆောင်မှု၏လုပ်ငန်းဖော်များနှင့် အခြား သက်ဆိုင်ရာ လုပ်ငန်းများမှ စာဖြင့်ခွင့်ပြုချက်ပေးမှသာ သုံးစွဲပိုင်ခွင့် ရရှိမည် ဖြစ်သည်။ ထိုနာမည်များကို အသုံးပြုပြီး Shwe Stream ဝန်ဆောင်မှုကို ရည်ညွှန်းခြင်း၊ အခြားတစ်ခုခုကို ရည်ညွန်းခြင်းများ ဆောင် ရွက်ခွင့်မရှိပါ။
၁၀။ တာဝန်မရှိကြောင်းရှင်းလင်းဖော်ပြချက်
မည်သည့်အခြေအနေတွင်ဖြစ်စေ အထက်ဖော်ပြပါ စည်းမျဉ်းစည်းများကို ဖောက်ဖျက်ခြင်း၊ ချိုးဖောက်ခြင်းကြောင့် (သို့မဟုတ်) စာချုပ်အရဖြစ်စေ၊ တရားမနစ်နာမှုအရဖြစ်စေ၊ ယတိပြတ်တာဝန်ရှိမှုကြောင့် ဖြစ်စေ (သို့မဟုတ်) ဤ ဝန်ဆောင်မှုကို ရယူအသုံးပြုခြင်းကြောင့် ကုန်ကျစရိတ်၊ နစ်နာကြေး၊ တောင်းဆိုချက်၊ အရေးယူဆောင်ရွက်မှု၊ တရားစွဲ ဆိုခြင်း၊ ဥပဒေအဆုံးအဖြတ်၊ ဆုံးရှုံးမှုနှင့်တာဝန်ရှိမှုများ (သို့မဟုတ်) ဝန်ဆောင်မှုမှတဆင့် ရရှိသော အချက်အလက်များ၊ အကြောင်းအရာများ၊ ဆော့ဖ်ဝဲလ်များ၊ ထုတ်ကုန်များ၊ ဝန်ဆောင်မှုများကြောင့် သင်နှင့်အခြား အဖွဲ့အစည်းများအတွက် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း၊ ကြီးမားပြင်းထန်သော၊ အသေးအဖွဲဖြစ်သော၊ (သို့မဟုတ်) အကျိုးဆက်အရ ဖြစ်ပေါ်လာသော အကြောင်းကိစ္စများ၊ ထိခိုက်နစ်နာမှုများ၊ နစ်နာကြေးတောင်းခံမှုများ၊ အရေးယူမှုများ၊ တောင်းဆိုချက်များ၊ တရားရင်ဆိုင်မှုများကြောင့် ဖြစ်ပေါ်လာသည့်စွဲဆိုချက်များ၊ စီရင်ချက်များ၊ ကုန်ကျစရိတ်များ အမျိုးမျိုးသည် Shwe Stream ဝန်ဆောင်မှုနှင့် မိတ်ဖက်၊ ၎င်းတို့၏အဖွဲ့ဝင်များ၊ ဝန်ထမ်းများ၊ ကိုယ်စားလှယ်များ၊ တွဲဖက်လုပ်ကိုင်သူများ၊ မူပိုင် ခွင့်ပေးအပ်သူများတွင် ဥပဒေအရ တာဝန်မရှိစေရပါ။ သင့်အနေဖြင့်သာ ကိစ္စအ၀၀တို့အတွက် တာဝန်ယူဖြေရှင်း သွားမည်ဖြစ်ကြောင်း သိရှိသဘောတူပါသည်။
၁၁။ အသိပေးချက်
အထက်ဖော်ပြပါ စည်းမျဉ်းစည်းကမ်းများသည် တရားဝင်ဖြစ်သည်။ သင့်အနေဖြင့် Shwe Stream ဝန်ဆောင်မှုကို စတင်အသုံးပြုသည့် အချိန်မှစ၍ အသုံးပြုသူများစည်းမျဉ်းစည်းကမ်းများကို သိရှိသဘောတူ လက်ခံပြီးဖြစ်သည်ဟု မှတ်ယူသည့်အတွက် ထိုစည်းမျည်းစည်းကမ်းများကို မဖတ်ရှုဘဲ ဤဝန်ဆောင်မှုကို ရယူအသုံးပြုခြင်းသည် သင်တစ်ဦးတည်း၏ တာဝန်သာ ဖြစ်သည်။
၁၂။ ဥပဒေသက်ရောက်မှုနှင့် တရားစီရင်ပိုင်ခွင့်
အထက်ဖော်ပြပါ စည်းမျဉ်းစည်းကမ်းများနှင့် သတ်မှတ်ချက်များအားလုံးသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ၏တည်ဆဲဥပဒေများနှင့်အညီ အဓိပ္ပါယ်ဖော်ဆောင်ရမည် ဖြစ်သည်။ ဤဝန်ဆောင်မှုကို အသုံးပြုမှုကြောင့် ပေါ်ပေါက်လာသော အငြင်းပွားမှုတစ်စုံတစ်ရာ၊ ပြဿနာတစ်ခုခု ပေါ်ပေါက်လာပါက မြန်မာနိုင်ငံတော် တရားရုံးများတွင် တည်ဆဲဥပဒေများအရ ဖြေရှင်းဆောင်ရွက်မည်ဖြစ်ကြောင်း သင့်အနေဖြင့် သဘောတူ လက်ခံပါသည်။