မေးလေ့ရှိသော မေးခွန်းများ
၁။ Shwe Stream ဆိုတာ ဘယ်လိုဝန်ဆောင်မှုမျိုးပါလဲ။
Shwe Stream ဝန်ဆောင်မှုဆိုတာက မြန်မာ့ရုပ်ရှင်၊ ဗီဒီယိုဇာတ်ကားများ၊ ဇာတ်လမ်းတွဲများကို တစ်နေရာတည်းမှာ ကြည့်ရှုနိုင်အောင် စုစည်းပေးထားတဲ့ အက်ပလီကေးရှင်း (Application) နှင့် ဝက်ဘ်ပေါ်တယ် (Web Portal) ဝန်ဆောင်မှု ဖြစ်ပါတယ်။ အဲဒီ ရုပ်ရှင်၊ ဗီဒီယိုနဲ့ ဇာတ်လမ်းတွဲတွေကို အင်တာနက်ချိတ်ဆက်အသုံးပြုနိုင်တဲ့ ဖုန်း၊ တက်ဘလက်၊ ကွန်ပျူတာ၊ လပ်ပ်တော့တွေမှာ အလွယ်တကူ ကြည့်ရှုခံစားနိုင်မှာ ဖြစ်ပါတယ်။
၂။ Shwe Stream မှာ ဘယ်လို ဇာတ်ကားတွေ ကြည့်ရှုလို့ရပါသလဲ။
ရုပ်ရှင်ရုံကြီးတွေမှာ ပြသပြီးဖြစ်တဲ့ မြန်မာရုပ်ရှင်ကားကြီးတွေ၊ မြန်မာဗီဒီယိုဇာတ်ကားတွေနဲ့ ဇာတ်လမ်းတွဲတွေကို စိတ်ကြိုက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
၃။ Shwe Stream App ကို ဘယ်လိုရယူနိုင်ပါမလဲ။
Shwe Stream App ကို Google Play Store နှင့် Apple Store တို့မှာ Download လုပ်ပြီး ရယူနိုင်မှာ ဖြစ်ပါတယ်။
၄။ Shwe Stream ဝန်ဆောင်မှုကို Website မှာ ရနိုင်ပါသလား။
www.shwestream.com.mm မှာ ဝန်ဆောင်မှုရယူပြီး ပြသထားသော ရုပ်ရှင်၊ ဗီဒီယိုနဲ့ ဇာတ်လမ်းတွဲတွေကို စိတ်ကြိုက် ကြည့်ရှုနိုင်ပါတယ်။
၅။ Shwe Stream ဝန်ဆောင်မှုကို ဘယ်လိုရယူရပါမလဲ။
MPT ဖုန်းနံပါတ်ဖြင့် 8202 သို့ ON လို့ SMS ပေးပို့ပါ။ အဲဒီနောက် အတည်ပြုနံပါတ် (9) ကို SMS ထပ်မံပေးပို့ပြီးပါက ဝန်ဆောင်မှုရယူခြင်း အောင်မြင်ပါပြီ။ *2525*26# သို့ ခေါ်ဆို၍လည်း ဝန်ဆောင်မှုရယူနိုင်ပါတယ်။
Shwe Stream အက်ပလီကေးရှင်းထဲမှ ငွေပေးချေနိုင်သော နည်းလမ်းတစ်ခုကို ရွေးချယ်ပြီးလည်း ဝန်ဆောင်မှု ရယူနိုင်ပါသည်။
၆။ Shwe Stream ဝန်ဆောင်မှုကို ဘယ်လိုစက်ပစ္စည်းတွေမှာ အသုံးပြုလို့ ရနိုင်ပါသလဲ။
Shwe Stream ဝန်ဆောင်မှုကို အင်တာနက် ချိတ်ဆက်အသုံးပြုနိုင်တဲ့ Android Version 7.0 နှင့်အထက် Android Smartphone တွေ၊ iPhone တွေ၊ iPad တွေ၊ တက်ဘလက်တွေ၊ ကွန်ပျူတာ၊ လပ်ပ်တော့ တွေမှာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
၇။ Shwe Stream ဝန်ဆောင်မှုကို အသုံးပြုတဲ့အခါ ဝန်ဆောင်ခ ဘယ်လောက်ကျသင့်မှာပါလဲ။
Shwe Stream ဝန်ဆောင်မှုကို မြန်မာနိုင်ငံက အသုံးပြုမယ်ဆိုရင် နေ့စဉ်ကြေး ၁၄၉ ကျပ်၊ အပတ်စဉ်ကြေး ၇၄၉ ကျပ်နှင့် လစဉ်ကြေး ၂၉၉၉ ကျပ် ကျသင့်မှာ ဖြစ်ပါတယ်။ အခြားနိုင်ငံကနေ အသုံးပြုမယ်ဆိုရင် သက်ဆိုင်ရာ နိုင်ငံအလိုက် သတ်မှတ်ထားသော နှုန်းထားအလိုက် ကျသင့်မှာ ဖြစ်ပါတယ်။
၈။ ဝန်ဆောင်ခပေးချေလို့ရတဲ့ နည်းလမ်းတွေကို သိချင်ပါတယ်။
ဝန်ဆောင်ခကို သင့်ရဲ့ ဖုန်းဘေလ် သို့မဟုတ် Mobile Wallet, Visa, Master ကနေ ပေးချေလို့ ရနိုင်ပါတယ်။ သင်ဟာ ဖုန်းဘေလ်ကြိုတင်ဖြည့်ပြီး အသုံးပြုသူဖြစ်ပါက ဝန်ဆောင်ခကို ဖုန်းငွေလက်ကျန်ထဲမှ ဖြတ်တောက်သွားမည်ဖြစ်ပြီး သုံးပြီးမှငွေချေသည့် စနစ်ကို အသုံးပြုသူဖြစ်ပါက ဖုန်းဘေလ်ကောက်ခံသည့်အခါ သက်ဆိုင်ရာ မိုဘိုင်း အော်ပရေတာမှ ကျသင့်ငွေကို တွက်ချက်ကောက်ခံသွားမှာ ဖြစ်ပါတယ်။
၉။ ဝန်ဆောင်ခကို ဘယ်လိုပေးချေရပါမလဲ။
ဝန်ဆောင်ခအတွက် ကျသင့်ငွေကို Shwe Stream အက်ပလီကေးရှင်းထဲမှ ငွေပေးချေနိုင်သော နည်းလမ်းတစ်ခုကို ရွေးချယ်ပြီး ငွေပေးချေနိုင်ပါသည်။
၁၀။ ဇာတ်ကားတွေကြည့်ရှုတဲ့အခါ အင်တာနက်ဒေတာဖိုး ထပ်မံကုန်ကျမှာပါလား။
မိမိ၏ဖုန်းမှ အင်တာနက်ဖွင့်ပြီး ဇာတ်ကားတွေကို တိုက်ရိုက်ကြည့်ရှုတဲ့အခါ အဲဒီအတွက် အင်တာနက် ဒေတာဖိုး ထပ်မံကုန်ကျမှာ ဖြစ်ပါတယ်။တကယ်လို့ ဝိုင်ဖိုင် (Wi-Fi) အသုံးပြုပြီး ဇာတ်ကားတွေကို ကြည့်ရှုမယ်ဆိုရင်တော့ အင်တာနက်ဒေတာဖိုး ထပ်မံကုန်ကျမှာ မဟုတ်ပါ။
၁၁။ Shwe Stream ဝန်ဆောင်မှုကို ဝိုင်ဖိုင် (Wi-Fi)နဲ့ အသုံးပြုလို့ရပါသလား။
အသုံးပြုနိုင်ပါတယ်။
၁၂။ Shwe Stream ထဲက ဇာတ်ကားတွေကို အင်တာနက်မဖွင့်ဘဲ ကြည့်လို့ရပါသလား။
Shwe Stream အက်ပလီကေးရှင်းကို ဝင်ရောက်ချိန်မှာ အင်တာနက်ဖွင့်ရန်လိုအပ်ပါတယ်။Shwe Stream ဝန်ဆောင်မှုကိုတော့ နေ့စဉ်ကြေး၊ အပတ်စဉ်ကြေး၊ လစဉ်ကြေး တစ်ခုခု ပေးဆောင်ပြီး ရယူထားဖို့လည်း လိုအပ်ပါတယ်။
၁၃။ Shwe Stream ဝန်ဆောင်မှုမှာ မှတ်ပုံမတင်ဘဲ ဝန်ဆောင်မှုကို အသုံးပြုလို့ရပါသလား။
Shwe Stream ဝန်ဆောင်မှုကို ဖုန်းနံပါတ်၊ Facebook ၊ Email ဖြင့် မှတ်ပုံမတင်ဘဲ အသုံးပြုလို့ မရနိုင်ပါ။
၁၄။ နေ့စဉ်ကြေး၊ အပတ်စဉ်ကြေး၊ လစဉ်ကြေး တစ်ခုခု မပေးဘဲ ဇာတ်ကားတွေကြည့်ရှုလို့ရပါသလား။
နေ့စဉ်ကြေး၊ အပတ်စဉ်ကြေး၊ လစဉ်ကြေး တစ်ခုခု ပေးဆောင်ပြီးမှ သာ ဝန်ဆောင်မှုကို ဆက်လက်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
၁၅။ Shwe Stream ဝန်ဆောင်မှုကို ရပ်ဆိုင်းချင်ရင် ဘယ်လိုလုပ်ရပါမလဲ။
အပတ်စဉ်ကြေး၊ လစဉ်ကြေး ဝန်ဆောင်မှုဆိုရင် သတ်မှတ်ထားတဲ့ သက်တမ်းကုန်ဆုံးပါက အလိုအလျောက် ရပ်ဆိုင်းသွားမှာ ဖြစ်ပါတယ်။
MPT ဖုန်းနံပါတ်ဖြင့်ဆိုပါက 8202 ကို OFF ဟု SMS ပေးပို့ပြီး ရပ်ဆိုင်းနိုင်ပြီး ATOM ဖုန်းနံပါတ်ဖြစ်ပါက *979*3*2# သို့ ခေါ်ဆို၍ ရပ်ဆိုင်းနိုင်ပါတယ်။
Shwe Stream App (သို့မဟုတ်) Shwe Stream Website မှ “ဝန်ဆောင်မှုရပ်ဆိုင်းရန်” ခလုတ်ကို နှိပ်ပြီးလည်း ဝန်ဆောင်မှုကို ရပ်ဆိုင်းနိုင်ပါတယ်။
၁၆။ အကောင့်တစ်ခုတည်းကို စက်ဘယ်နှလုံးအထိ တစ်ပြိုင်တည်း အသုံးပြုနိုင်ပါသလဲ။
အကောင့်တစ်ခုကို စက်တစ်လုံးမှာပဲ အသုံးပြုလို့ ရနိုင်မှာ ဖြစ်ပါတယ်။ တကယ်လို့ သင်က သင့်ရဲ့အကောင့်ကို အခြားစက်တစ်လုံးမှာ ပြောင်းသုံးပါက အရင်စက်က အကောင့်က အလိုအလျောက် ပိတ်သွားမှာ ဖြစ်ပါတယ်။
၁၇။ Shwe Stream ကို ပြည်ပနိုင်ငံများတွင် ကြည့်ရှုနိုင်ပါသလား။
Shwe Stream ကို နိုင်ငံတကာမှာ အသုံးပြုလို့ ရနိုင်ပါတယ်။
၁၈။ ဇာတ်ကားတွေ ကြည့်ရှုတဲ့အခါ ဇာတ်ကားရဲ့ ကြည်လင်ပြတ်သားမှုအရည်အသွေးကို ရွေးချယ်ကြည့်ရှု နိုင်ပါသလား။
ဇာတ်ကားတွေ ကြည့်ရှုတဲ့အခါ ဇာတ်ကားရဲ့ ကြည်လင်ပြတ်သားမှုအရည်အသွေးကို 240P ၊ 360P ၊ 480P၊ 720P နဲ့ 1080P ဆိုပြီး ကိုယ်နှစ်သက်ရာ အရည်အသွေး (Resolution) နဲ့ ရွေးချယ်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
၁၉။ Shwe Stream ဝန်ဆောင်မှုကို ဘယ်လိုဆက်သွယ်ရပါမလဲ။
ဖုန်းနံပါတ် 012305273 တို့ကို ဝန်ဆောင်မှု သတ်မှတ်ချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်သလို Shwe Stream Facebook Page ရဲ့ Messenger ကနေလည်း ၂၄ နာရီအချိန်မရွေး မေးမြန်းနိုင်ပါတယ်။ သင့်အတွက် Shwe Stream က အမြဲအဆင်သင့် ရှိနေပါတယ်။