၀န်ဆောင်မှုအကြောင်း
Shwe Stream Application သည် eTrade Myanmar Co., Ltd. မှ ပေးနေသော မိုဘိုင်းလ်အပိုထပ်ဆောင်း ဝန်ဆောင်မှုများထဲမှ တစ်ခု ဖြစ်သည်။ Shwe Stream ဝန်ဆောင်မှုထဲတွင် မြန်မာ့ရုပ်ရှင်၊ ဗီဒီယိုဇာတ်ကားများ၊ အိန္ဒိယရုပ်ရှင်များနှင့် ကိုရီးယားဇာတ်လမ်းတွဲများကို တစ်နေရာတည်းမှာ စုစည်းပေးထားခြင်းဖြစ်ပြီး ရုပ်ရှင်ကား များ၊ ဗီဒီယိုဇာတ်လမ်းနှင့် ဇာတ်လမ်းတွဲများကို မိုဘိုင်းဖုန်း၊ တက်ဘလက်များအပြင် အင်တာနက်ချိတ်ဆက် ထားသည့် ကွန်ပျူတာနှင့် လပ်ပ်တော့ များပေါ်မှာလည်း အလွယ်တကူ ကြည့်ရှုခံစားနိုင်မှာ ဖြစ်ပါသည်။ ရုပ်ရှင်နှင့်ဗီဒီယိုများကို အင်တာနက်ကတဆင့် တိုက်ရိုက် Streaming လုပ်ပြီး ကြည့်ရှုနိုင်သလို Download လုပ်ထားပြီးလည်း အားလပ်တဲ့အချိန်တွေမှာ အင်တာနက်ဖွင့်စရာမလိုဘဲ ပြန်လည်ကြည့်ရှုနိုင်မှာ ဖြစ်ပါသည်။
Shwe Stream အက်ပလီကေးရှင်းထဲရှိ မြန်မာ့ရုပ်ရှင်များ ၊ ဗီဒီယိုဇာတ်ကားများ၊ ဇာတ်လမ်းတွဲများကို နေ့စဉ်ကြေး၊ အပတ်စဉ်ကြေး၊ လစဉ်ကြေးဖြင့် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ Shwe Stream အက်ပလီကေးရှင်းကို Google Play Store၊ Apple Store တို့မှ ဒေါင်းလုတ် ရယူပြီး အသုံးပြုနိုင်ပါသည်။ သင့်အနေဖြင့် Shwe Stream Application ကို သုံးစွဲရာတွင် Shwe Stream ဝန်ဆောင်မှုမှ အလျဉ်းသင့်သလို ထုတ်ပြန်သော စည်းကမ်းချက်များအတွင်းမှ အသုံးပြုရမည် ဖြစ်သည်။